YouTube မှာ မိမိတို့ နှစ်သက်ရာ Video များကို download ရယူပြီး Mp3 ပြောင်းကာ Ringtone များကို ပြု့လုပ်လိုသော ဘော်ဒါတို့ အတွက် ပြန်ရှယ်ပေးလိုက်ပါတယ် ခင်ဗျ။Music and Ringtone သို့ အလွယ်တကူ import လုပ်နိုင်ပါတယ်......Ringtone ပြု့လုပ်ရာတွင် အသံဖိုင် အား မိမိစိတ်ကြိုက် ပိုင်းဖြတ် နိုင်ပါတယ် .......Screenshot များဖြင့် သေချာစွာရှင်းပြပေးထားပါတယ် ခင်ဗျ။
လိုအပ်ချက်များကို အရင်လုပ်ပေးရပါမယ်....
၁) သင့် iDevices ကို Jailbreak လုပ်ထားရပါမည်.....မလုပ်ရသေးလျှင် အောက်က လင့် တွင် ဝင်လေ့လာကြည့်ပါ။
iOS 9.2 ~ 9.3.3 ကို Cydia Impactor ဖြင့် Pangu Application သွင်း၍ Jailbreak လုပ်နည်း
2) Jailbreak လုပ်ပြီးလျှင် လိုအပ်သော Cydia tweak များကို Free ရယူနိုင်ရန် အတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း Cydia Repo ကို Add ပေးပါ။
Cydia > Sources > Edit > Add > http://repo.gclouds.info > Add Sources
3) အောက်တွင်ရေးပြထားသော Cydia tweak ကို install လုပ်ပေးပါ။
Easy Ringtone
Easy Ringtone ကို install လုပ်ပြီးလျှင် Home Screen တွင်ပြန်ရှာပါ။ တွေ့လျှင်ဝင်လိုက်ပါ .....Search Bar တွင် မိမိတို့နှစ်သက်သော အဆိုတော် အမည် ကို ရှာပါ။နှစ်သက်ရာကိုတွေ့လျှင် ဝင်လိုက်ပြီး Video ကို ဖွင့်လိုက်ပါ။
Download လုပ်ရန် နေရာလေးပေါ်လာပါအလိမ်မည်။ Download ကို ရွေးပေးပါ။
Download လုပ်ပေးနေပါလိမ်မည်။ ခဏစောင့်ပေးလိုက်ပါ။
100% ပြည့်သွားလျှင် အောက်ခြေဘားနားတွင် Audio ကို ဝင်လိုက်ပါ။အကယ်၍ သင်က Mp3 လိုချင် လျှင် Audicy ရဲ့ အကူညီယူကာ Music App အတွင်းသို့ import လုပ်ပေးနိုင်ပါတယ်။ Mp3 ဖိုင်ရွေးပေးထားပြီး ညာဘက်အပေါ်နားက Share နေရာကို နှိပ်ကာ Copy to Audicy ဖြင့် သွားရပါမယ်။
Ringtone လိုချင်ပါက ညာဘက်ဘေးက ခေါင်းလောင်းပုံလေး ကို နှိပ်ပေးပါ။
မိမိတို့ စိတ်ကြိုက်ပြု့ပြင်နိုင်ပါတယ် ပြီလျှင် Save ကိုရွေးပေးပါ။
အကယ်၍ သင့် ပို့လိုက်သော ringtone ကိုရှာမတွေ့လျှင် ( သို ) အဆင်မပြေလျှင် Audicy ရဲ့ အကူအညီကိုရယူပါ။
Audicy tweak အသုံးပြု့နည်းကို အောက်က လင့်တွင် ဝင်ဖတ်ပေးပါ ခင်ဗျ။







Post a Comment