iDevice ၏ LockScreen Keypad နှင့် Dialer တွင် လှပသော ဓာတ်ပုံလေးများ အလှဆင်နိုင်ပါတယ် .....အဆင်သင့်လုပ်ပေထားသော ဖိုင်များကို အလွယ်တကူ အသုံးပြု့နိုင်ပေမယ့် မိမိတို့ နှစ်သက်သော ပုံ နှင် ကိုယ်ချစ်သူရဲ့ ချစ်စရာပုံလေးများဖြင့် အလှဆင်လိုကြပြန်တယ် .....( ဘယ်သူမဆို ကိုယ်ချစ်သူက ကမ္ဘ္ဘာ မှာ အလှဆုံးလေ :D )...
ထို့အခါ ကျွန်တော်ကို Facebook Chat box မှ မေးလာပါတယ် ...ကူညီပါ ကွီး ရယ် ပေါ့ .....ကျွန်တော်ကလည်း "ရပါတယ် အကို လုပ်ပေးပါမယ်...ဓာတ်ပုံ ပို့ပေးထားပေါ့ ညီ " လို့ ပြောလိုက်တော့ အင်တင်တင်ဖြစ်သွားလေ ရဲ့ :D ( ဘယ်ပေးမလဲး ဒီဘဲး ကြီက မယုံရဘူးထင်တယ်လို့တွေးနေမှာပေါ့ ....😜😜😜
အာနဲ့ ညေးရယ် အကို ပိုစ့်ရေပေးပါမယ်လို့ စာထပ်ပို့လိုက်မှ "အာ ကွီးရယ် ကျေးဇူးကမ္ဘ္ဘာ ပါ" ဘာညာသရကာ ပြေားပြီး ဘိုင်ဘိုင် နော် ကွီး ဆိုပြီး အောက်သွားလေရဲ့ 😁😁😁
ကျွန်တော် ကတိ အတိုင်း ပိုစ့် ရေးပေးပြီး မသိသေးသော ဘော်ဒါတို့ အတွက် ပြန်ရှယ်ပေးလိုက်ပါတယ် ခင်ဗျ။ ပိုစ့်တွင် Google မှ Png ဖိုင် ကိုရှာပြီး ပြု့လုပ်နည်း နှင့် မိမိတို့နှစ်သက်သော ဓာတ်ပုံကို ဖျက်ထုတ်ပြီး ပြု့လုပ်နည်း နှစ်မျိုးဖြင့် ရှင်းပြပေးထားပါတယ် ....ဓာတ်ပုံများကို ကျွန်တော် Crush နေတဲ့ ကောင်မလေးနဲ့ တူတဲ့ အူဝဲး ပုံလေး ဒေ သုံးထားပါတယ် ( ပြေတီဦး ကို သွား မပြေားကြနဲ့နော် 😜😜😜😜😜)
လိုအပ်ချက်များကို အရင်လုပ်ပေးရပါမယ်....
၁) သင့် iDevices ကို Jailbreak လုပ်ထားရပါမည်.....မလုပ်ရသေးလျှင် အောက်က လင့် တွင် ဝင်လေ့လာကြည့်ပါ။
iOS 9.2 ~ 9.3.3 ကို Cydia Impactor ဖြင့် Pangu Application သွင်း၍ Jailbreak လုပ်နည်း
2) Jailbreak လုပ်ပြီးလျှင် လိုအပ်သော Cydia tweak များကို Free ရယူနိုင်ရန် အတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း Cydia Repo ကို Add ပေးပါ။
Cydia > Sources > Edit > Add > http://repo.gclouds.info > Add Sources
3) အောက်တွင်ရေးပြထားသော Cydia tweak ကို install လုပ်ပေးပါ။
iFile
PP Helper 3
AppSync (iOS 5/6/7/8/9)
SleekCode
SleekPhone
Transparent Keypad
Tweak များကို install လုပ်ပြီးလျှင် PP Helper မှ Adobe Photoshop Touch for phone ကို install လုပ်ပေးပါ။
ဓာတ်ပုံပြု့ပြင်နည်း (၁)
Safari တွင် မိမိတို့ လိုအပ်သော ပုံကိုရှာယူပါ....အမည်၏ နောက်တွင် .png လိုရေးရှာရပါမည်။
နှစ်သက်သော ပုံကို သိမ်းထားပေးပါ။
ဓာတ်ပုံ ကို ပြု့ပြင်ရန်အတွက် PS Touch ကို ဝင်လိုက်ပါ။Photo Library ကို ဝင်ပြီး ဓာတ်ပုံရွေးပါ။
အောက်ကပုံထဲးတွင်ပြထားသော & နေရာကို နှိပ်လိုက်ပါ။
Crop image ကိုရွေးပါ။
မိမိတို့ စိတ်ကြိုက်ချိန်ညှိပါ။စိတ်ကြိုက်ဖြစ်လျှင် အမှန်ချစ်လေးကို ရွေးပေးလိုက်ပါ။
အောက်ကပုံထဲးတွင်ပြထားသော & နေရာကို နှိပ်လိုက်ပါ။
image Size ကို နှိပ်ပါ။
Width and Height ကို 150 x 150 ထားပေးပါ။
ညာဘက်အပေါ် နားက Done ကို နှိပ်ပေးပြီး ပုံကို Save လိုက်ပါ။
ဓာတ်ပုံပြု့ပြင်နည်း (၂)
ဓာတ်ပုံ ကို ပြု့ပြင်ရန်အတွက် PS Touch ကို ဝင်လိုက်ပါ။Photo Library ကို ဝင်ပြီး ဓာတ်ပုံရွေးပါ။
Tool ရွေးရန် အတွက် အောက်ကပုံလေးတွင် မြှားပြထားသော နေရာကို ဝင်ပါ။
မြားပြထားသော နေရာကို ဖိထားပေးလိုက်ပါ။
Marquee Selection tool ကိုရွေးပါ။
မိမိတို့ လိုအပ်သော အနေအထားကို ဝိုင်းဝိုင်းလေးဖြစ်အောင် လက်ဖြင့် ပွတ်ဆွဲးပြီး ညှိယူပါ။
နံပါတ် ( ၁ ) မြှားပြထားသောနေရာကို ဝင်လိုက်ပြီး ...နံပါတ် (၂) မြားပြထားသော နေရာကို ရွေးပေးပါ။
အောက်ကပုံထဲးတွင်ပြထားသော & နေရာကို နှိပ်လိုက်ပါ။
Crop image ကိုရွေးပါ။
အောက်ခြေညာဘက်နားက အမှန်ချစ်လေးကို ရွေးပေးပါ။
အောက်ကပုံထဲးတွင်ပြထားသော & နေရာကို နှိပ်လိုက်ပါ။
image Size ကို နှိပ်ပါ။
Width and Height ကို 150 x 150 ထားပေးပါ။( မညီပါက မြှားထားသော နေရာတွင် တစ်ချက်ထိပေးပြီးမှ ပြန်ပြောင်းပါ။)
ညာဘက်အပေါ် နားက Done ကို နှိပ်ပေးပြီး ပုံကို Save လိုက်ပါ။
သိမ်းထားတဲ့ ပုံလေးတွေရနေပါပြီ။
ဓာတ်ပုံလေးတွေလုပ်တက်ပြီ လို့ ထင်ပါတယ်......ပြု့လုပ်ထားသော ဓာတ်ပုံများကို Camera Roll အတွင်းသို့ သိမ်းထားပေးရပါမယ်......
PS Touch ကို ဝင်လိုက်ပါ။မြှားပြထားသော နေရာကို ရွေးပေးပါ။
Save To Camera Roll ကို ဝင်ပါ။
Save ပုံကိုရွေးပေးပါ။PNG ကို ရွေးပေးပါ။ပြီးလျှင် OK လုပ်ပေးလိုက်ပါ။
ဒီ အဆင့်ကစပြီး iFile ကို အသုံးပြု့ရပါမယ်....
(iFile ကို သုံမည်ဆိုလျှင် မိမိတို့ မသိသော File များကို မဖျက်မိစေရန် သတိထားစေချင်ပါတယ်......)
iFile ကို ရှားပြီး အောက်ဖော်ပြပါ လမ်းကြောင်အတိုင်း ဝင်လိုက်ပါ။
iFile > Var > Mobile > Media > DCIM >100APPLE Folder ဝင်လိုက်ပါ။Camera Roll ဓာတ်ပုံများကို တွေ့ပါလိမ်မည်။
မိမိတို့ သိမ်းထားသော ဓာတ်ပုံကို ရွေးပြီး ကော်ပီလုပ်လိုက်ပါ။
ပြီးလျှင် ဝင်လာသော လမ်းကြောင်း အတိုင်းပြန်ထွက်ပါ။
iFile > Library > Themes > Transparent Keypad.theme > Bundles > com.apple.TelephonyUI သို့ ဝင်လိုက်ပြီး Paste လုပ်ပါ။
တစ်ပုံကိုသာ အစမ်းလုပ်ပြထားသော ကြောင့် ပုံများပွားလိုက်ပါတယ်...... Paste ထပ်လုပ်ပြီး Rename ကို ရွေးပေးလိုက်ပါလျှင် ပွားလာပါလိမ်မည်။
keypad-mask-1@2x~iphone.png
အထက်ဖော်ပြပါ စာကြောင်းမှ ၁ နေရာကိုသာ ပြောင်းပြီး ( ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၀, ၀ Plus ) ပုံ ၁၁ ခုအမည်ပြောင်းပေးရပါမည်။
keypad-white-1-highlighted@2x~iphone.png
keypad-white-1@2x~iphone.png
အထက်ဖော်ပြပါ စာကြောင်းမှ ၁ နေရာကိုသာ ပြောင်းပြီး ( ၁, ၂, ၃, ၄, ၅, ၆, ၇, ၈, ၉, ၀ , ၀ Plus)ပုံ နှစ်ဆယ် နှစ်ပုံ အမည်ပြောင်းပေးရပါမည်။
အမည်ပြောင်းရန်အတွက် ပြောင်းမည့် ပုံ၏ ညာဘက်နားက ( i ) ပုံလေးကို လက်ဖြင့် ထိလိုက်ပါ။
အမည်ကို ကူးယူပါ။
ကူးယူပြီးသော ပုံကို ဖျက်လိုက်ပါ။
မိမိတို့ အစားထိုးလိုသော ပုံ တွင် အမည်ပြောင်းရန် Paste လုပ်ပါ။
Settings > Winterboard > Themes > Transparent Keypad.theme ကို ရွေးပေးပါ။ပြီလျှင် ဖုန်း ကို Respring လုပ်ကြည့်ပါ။
ကျွန်တော်ပြန် Share ပေးသော နည်းပညာ များ သည် ဘော်ဘော် တို့ အတွက် အဆင်ပြေခဲ့ပါက Like & Share လုပ်ပေး ခြင်းဖြင့် ကူညီပါ ခင်ဗျ။ လိုအပ်သော နည်းပညာ / Applications တွေကို လည်း C Box တွင် တောင်းဆိုနိုင်ပါသည်။




































:) mite tal.
ReplyDeleteThank you bro
ReplyDelete