Jailbreak လုပ်ထားသော iDevices များတွင် ဆန်းသစ်သော အသုံးပြု့လိုဖွယ် Cydia tweak များစွာရှိပါတယ် ....သို့သော် iOS Version နှင့် ကိုက်ညီမှု့ရှိသော Tweak များကို သာ အသုံးပြု့နိုင်ပါတယ်......သင့် iDevice က iOS 9 ဆိုလျှင် iOS 8 မှာသာ အသုံးပြု့ခွင့်ရှိပါသည် လို့ သတိပေးထားသော Tweak ကို install လုပ်ပြီး မစမ်းကြည့်သင့်ပါ။အကယ်၍ install လုပ်းပြီး သုံးကြည့်ရာတွင် အချို့ Tweak များက အဆင်ပြေနေပေမယ့် ....အချို့ Tweak များကို install လုပ်ပြီးလျှင် ပါဝါပြန်တက်မလာတော့ဘဲး Apple Logo လေး ပေါ်လိုက်ပြောက်လိုက်ဖြင့် BootLoop ပတ်နေပါလိမ်မည် :D

 BootLoop ပတ်နေ သော iDevices ကို ပြန်ကောင်းရန် အတွက် အများစုက iOS နောက်ဆုံး Version ကို Restore လုပ်ပေးပြီးဖြေရှင်းကြပါတယ် ...အဲး...အဲ့တော့ Jailbreak User ဒေ ငိုမဲ့ ငိုမဲ့ ဖြစ်ကာ ......Jailbreak Tool အသစ် ထွက်လာမည့်ရက် ကို စောင့်မျှော်ကြရပြန်ပီပေါ့ :D လက်ရှိအချိန်အထိ iOS 9.3.3 ကို Restore လုပ်ခွင့် ရနေသေးပေမယ် မကြာမှီ Apple က ပိတ်လိုက်လျှင် တိုင် အကြီးဂျီးတိုင်ပွတ်ပါပီး :D ...:D

BootLoop ပတ်နေသည့် အချိန်တွင် ဖြေရှင်ရန် နည်းလမ်းရှိပါတယ် ခင်ဗျ။ ဒီပို့စ်တွင် iOS 9.1 နှင် iOS 9.1 အောက် တွင် BootLoop ပတ်နေသည့် ပြသနာကိုဖြေရှင်းနည်း နှင့် iOS 9.2 မှ iOS 9.33 အထိ တွင် BootLoop ပတ်နေသည့် ပြသနာကိုဖြေရှင်းနည်း နှစ်မျိုးကို ရှင်းပြပေးထားပါတယ်။


iOS 9.1 နှင် iOS 9.1 အောက် တွင် BootLoop ပတ်နေသည့် ပြသနာကိုဖြေရှင်းနည်း 

(၁) မိမိတို့ iDevices ၏ Home ခလုတ် နှင့် Power ခလုတ် ကို ပြိုင်တူ ဖိထားပေးပါ။

(၂) Apple Logo လေး ပေါ်လာလျှင် ပြိုင်တူ ပြန်လွတ်ပေးပြီး Power + ကို ဖိ....ဖိ...ဖိ... ပေးပါ ( ဖိ လိုက် လွတ်လိုက် ဖိလိုက် လွတ် လိုက် )။ပါဝါပြန်တက်လာသည် အထိ ဖိ ပေးရပါမည်။



                                        



Cydia Substrate  tweak အလုပ်မလုပ်တော့ သော iDevices အနေအထားဖြစ်နေပါပြီး။

(၃) Cydia App ကို ပြန်ဝင်လိုက်ပါ။ မိမိတို့ မှားပြီး install လုပ်မိ သော Tweak ကို ပြန်ရှာပြီး Remove လုပ်လိုက်ပါ။

(၄) မိမိတို့ iDevices ၏ Home ခလုတ် နှင့် Power ခလုတ် ကို ပြိုင်တူ ဖိထားပေးပါ။ Apple Logo လေး ပေါ်လာလျှင် ပြိုင်တူ ပြန်လွတ်ပေးပြီး ပါဝါပြန်တက်လာသည့် အထိစောင့်နေပါ။


အဆင်ပြေသွားလိမ်မည် :D


iOS 9.2 မှ iOS 9.33 အထိ တွင် BootLoop ပတ်နေသည့် ပြသနာကိုဖြေရှင်းနည်း

(၁) iOS 9.2 မှ iOS 9.33 အထိ iDevices များတွင် မိမိတို့ iDevices ၏ Home ခလုတ် နှင့် Power ခလုတ် ကို ပြိုင်တူ ဖိထားပေးပါ။ Apple Logo လေး ပေါ်လာလျှင် ပြိုင်တူ ပြန်လွတ်ပေးပြီး ပါဝါပြန်တက်လာသည့် အထိစောင့်နေပါ။Jailbreak ပျက်ပြီး Cydia tweak များ အလုပ်မလုပ်တော့ပါ။

(၂) Pangu or PanGu/PP Application အတွင်းသို့ဝင်ပြီး ပြန် Jail ပါ။

(၃) JailBreak လုပ်ကာ LockScreen ပိတ်ပေးလိုက်ပြီးသည့်နှင့် တပြိုင်ထည်း Power + ကို ဖိ....ဖိ...ဖိ... ပေးပါ ( ဖိ လိုက် လွတ်လိုက် ဖိလိုက် လွတ် လိုက် )။ပါဝါပြန်တက်လာသည် အထိ ဖိ ပေးရပါမည်။


                                         



Cydia Substrate  tweak အလုပ်မလုပ်တော့ သော iDevices အနေအထားဖြစ်နေပါပြီး။

(၄) Cydia App ကို ပြန်ဝင်လိုက်ပါ။ မိမိတို့ မှားပြီး install လုပ်မိ သော Tweak ကို ပြန်ရှာပြီး Remove လုပ်လိုက်ပါ။

(၅) မိမိတို့ iDevices ၏ Home ခလုတ် နှင့် Power ခလုတ် ကို ပြိုင်တူ ဖိထားပေးပါ။ Apple Logo လေး ပေါ်လာလျှင် ပြိုင်တူ ပြန်လွတ်ပေးပြီး ပါဝါပြန်တက်လာသည့် အထိစောင့်နေပါ။

(၆) Pangu or PanGu/PP Application အတွင်းသို့ဝင်ပြီး ပြန် Jail ပါ။


အဆင်ပြေသွားလိမ်မည် :D


ကျွန်တော်ပြန် Share ပေးသော နည်းပညာ များ သည် ဘော်ဘော် တို့ အတွက် အဆင်ပြေခဲ့ပါက Like & Share လုပ်ပေး ခြင်းဖြင့် ကူညီပါ ခင်ဗျ။ လိုအပ်သော နည်းပညာ / Applications တွေကို လည်း C Box တွင် တောင်းဆိုနိုင်ပါသည်။

Post a Comment

 
Top