လူတိုင်း မမေ့ဖူးတဲ့သူ မရှိကြပါ....တစ်ခါတစ်ရံ အရေးတကြီး ကိစ္စများ အတွက် တွေးနေလျှင် မိမိတို့၏ အသုံးအဆောင်များကို မေ့ကျန် ကျပျောက် တက်ပါတယ်.......တန်ဖိုးနည်း ပစ္စည်းမေ့ကျန် ခဲ့လျှင် ပြသနာမရှိသော်လည်း iPhone မေ့ကျန်ခဲ့မယ်ဆိုရင်တော့ မည်သူမဆို ပြန်လိုချင်ကြမှာအမှန်ပါ။ကောက်ရ သူက လည်း စိတ်ထားကောင်းသူ ဖြစ်နေသော်လည်း ပြန်၍ဆက်သွယ်ရန် မည့်သူကို မသိသော အခါ အခက်တွေကြမှာ အမှန်ပါ။ဒီနေ့ တော့ ဘော်ဒါတို့ အတွက် ကောက်ရသူက ပြန်၍ဆက်သွယ်နိုင်ရန် Phone Number/Mail များထည့်ထားနည်း နှင့် ကောက်ရသူက ပိုင်ရှင်ထံ ပြန်၍ ဆက်သွယ်နည်း ကို ရေးသားပေးလိုက်ပါတယ် ခင်ဗျ။


ဒီနည်းလမ်းကို Jailbreak လုပ်ထားသော iDevices တွင်သာ အသုံးပြု့နိုင်ပါလိမ်မည်........

IfFound Tweak ကိုအသုံးပြု့ရမှာပါ။iOS 7, 8, 9 တွင်အဆင်ပြေစွာအသုံးပြု့နိုင်ပါတယ် ခင်ဗျ......IfFound Tweak ကို ရယူရန်အတွက် အောက်က Repo ကို Cydia တွင် Add ပေးပါ။အရင်က Add ထားလျှင် Cydia ကို Refresh လုပ်ပေးပါ။



iOS 7 တွင် IfFound ကိုအသုံးပြု့ ပါ။
iOS 8 and 9 တွင် IfFound3 (iOS 9 & 8) ကိုအသုံးပြု့ ပါ။






IfFound Tweak ကို သွင်ပြီးလျှင် Settings > IFFound ကိုဝင်လိုက်ပါ။Configuration ကို ဆက်ဝင်ပါ။





ACTIVATION ACTIVATIONS 


အောက်တွင် ဘော်ဒါတို့နှစ်သက်ရာကိုထားပါ။ ကျွန်တော်က Power အောက်က Connected ကိုရွေးထားပါတယ်....


Enable လုပ်ရမည်နေရာအားလုံးကို ON ပေးပါ။





Call / Mail / Message နေရာတွေကို ဝင်ပြီး ဆက်သွယ်ရမည့်လိမ်စာ ရေးပေးပါ။





Call ကို ဝင်လျှင် အောက်ပါ ပုံ အတိုင်း Phone Number ရေးရမည့်နေရာ တွင် အိမ်ဖုန်း သို့ မိမိ ယုံကြည်ရသော ဖုန်း နံပါတ် တစ်ခုကိုထည့်ပါ။








Mail ကို ဝင်ပြီး မိမိတို့ အသုံးပြု့သော Mial ထည့်ပါ။ ကျွန်တော် အစမ်းထည့်ပေးထားပါတယ်.....သိုသော် ကျွန်တော် Mail ကို မသုံးပါနဲ့ :D





Message ထည်းကိုဝင်ပြီး ဖုန်း နံပါတ်ထည့်ပေးပါ။ Allow Custom Message Creation ကို on ပေးထားလျှင် ကောက်ရသူက စာပြင်ရေနိုင်ပါတယ်......





အပေါ်က အတိုင်းလုပ်ထားပြီးလျှင် အောက်ကပုံလေးအတိုင်း Lock Screen တွင် Report Lost လေးကို မြင်တွေ့ရပါလိမ်မည်။






ကောက်ရသူက ပြန်ပေးချင်လျှင် Report Lost ကို နှိပ်ပါ။Report Lost လုပ်ရန် နည်းသုံးမျိုးပေးထားပါတယ်....Call ကို ဝင်ပြီး ဖုန်းခေါ်ပါ။ Message / Mail ပို့ပြီးဆက်သွယ်ပေးပါ။ 








အဆင်ပြေကြပါစေ။




ကျွန်တော်ပြန် Share ပေးသော နည်းပညာ များ သည် ဘော်ဘော် တို့ အတွက် အဆင်ပြေခဲ့ပါက Like & Share လုပ်ပေး ခြင်းဖြင့် ကူညီပါ ခင်ဗျ။ လိုအပ်သော နည်းပညာ / Applications တွေကို လည်း C Box တွင် တောင်းဆိုနိုင်ပါသည်။

Post a Comment

 
Top