ကျွန်တော်တို့ iOS Users များ Jail မရ သော iOS Version ကို အသုံးပြု့သည့် အချိန်တွင် နည်းအမျိုးမျိုးဖြင့် MP3, MP4 များကို Download ရယူပြီး အလွယ် နားဆင်ကြပါတယ်.......Apple Store ပေါ်မှာတင်ခွင့်ပြု့ထားသော Downloader အားလုံးသည် MP3 များကို Music App ထဲးသို့ Import လုပ်မရပါ။ Video များကိုသာ Camera Roll သို့ Save နိုင်ကြပါတယ်......မိမိတို့နားဆင်လိုသော သီးချင်းများကို Downloader များကြီးထဲးတွင် လိုက်ရှာ၍ နားဆင်ရသည်မှာ ဘဝင်မကျ လှပေ...............ရှိသမျှ သီချင်းများကို Music App သို့ import လုပ်ချင်ကြမယ်ထင်ပါတယ်........Video များကိုလည်း Videos App သို့ import လုပ်ပြီး ကြည့်ချင်ကြမှာပါ...........ဟုတ်ကဲ့ ဒီနေ့ ကျွန်တော် ဘော်ဒါတို့အတွက် MP3,Video တွေကို Musics/Videos App အတွင်းသို့ import လုပ်နည်း တစ်မျိုးကို တင်ပြပေးလိုက်ပါတယ် ခင်ဗျ။iOS 6/7/8/9 တွင် အဆင်ပြေစွာ import လုပ်နိုင်ပါသည်။
" Open With " လုပ်၍ရသော Downloader App တိုင်းမှ MP3 များကို Musics App သို့ import လုပ်နိုင်ပါတယ်..........ကျွန်တော်က ဒီပိုစ့်တွင် FileMaster ဖြင့် Download ရယူထားသော MP3 များ နှင့် Camera Roll အတွင်းမှ Videos များကို import လုပ်ပြပေးထားပါတယ်............
ယခုတင်ပြသောနည်းလမ်းကို Jailbreak ပြု့လုပ်ထားသော iDevices များသာ အဆင်ပြေပါလိ်မ်မည်။
JAILBREAK လုပ်ထားသော iDevices ၏ Applications များအထဲးတွင် Cydia App ကိုရှာပါ။တွေလျှင် ဝင်လိုက်ပါ။ပြီးလျှင်အောက်ပါအဆင့်အတိုင်း ဝင်ပြီး gClouds Repo ကို Add ပေးပါ။
Cydia > Sources > Edit > Add ကို နှိပ်လိုက်လျှင် Repo လိပ်စာရေရန် Box လေးကျလာပါလိမ်မည်။အောက်ကလင့်ကို ရေးပေးပါ။ပြီးလျှင် Add Sources ကို နှိပ်ပါ။
http://repo.gclouds.info
gClouds repo ကို Add ပြီးလျှင် အောက်တွင်ရေးပေးထားသော Cydia Tweak နှစ်ခုကို install လုပ်ပါ။
iFile
Mimport
Tweak နှစ်ခုကို install လုပ်ပြီးလျှင် FileMaster App ထဲးသို့ဝင်လိုက်ပါတယ် ( မှတ်ချက် - ဒီနေရာတွင် Download ရယူထားသော Downloader ကိုမူတည်ပြီး ကွဲးလွဲးမှု့ရှိနိုင်ပါတယ်)
Downloads Folder ကို နှိပ်ပြီးဝင်လိုက်ပါ။
MUSICS App သို့ import လုပ်လိုသော MP3 file ကို လက်ဖြင် ဖိပေးပါ။အောက်ပါ ပုံလေးအတိုင်း ပေါ်လာလျှင် Open With ကို နှိပ်ပါ။
Copy to iFile လို့ရေးထားသော iFile iCon ကို နှိပ်ပေးပါ။
Documents Folder အတွင်သို့ MP3 File ရောက်သွားပါလိမ်မည်။Home ကို နှိပ်ပြီး ပြန်ထွက်ပါ။
Musics App အတွင်းသို့ဝင်လိုက်ပါ။ပြီးလျှင်အောက်ကပုံလေးထဲးတွင် မြှားပြထားသော Folder လေး ကို နှိပ်ပြီး ဝင်လိုက်ပါ။
Var > Mobile > Documents သို့ တဆင့်ချင်း ဝင်လိုက်ပါ။ Documents folder ထဲးတွင် MP3 File ကို တွေ့ပါလိမ်မည်။
MP3 File ကို နှိပ်လိုက်ပါ ! အောက်ပါ ပုံလေး အတိုင်းပေါ်လာပါလိမ်မည်။Edit ကို နှိပ်ပါ။
Title,Album,Artists ကိုပြင်ရေးနိုင်ပါတယ် ....ပြီးလျှင် import ကို နှိပ်ပါ။
Musics App ထဲးတွင် import လုပ်လိုက်သော MP3 File ကို လွယ်ကူစွာနားဆင်နိုင်ပါပြီ
Camera Roll အတွင်းမှာ သိမ်းထားသော Videos များကို Videos App အတွင်းသို့ Import လုပ်ရန် အတွက် အောက်ပါ အဆင့်အတိုင်းလိုက်ဝင်ပေးပါ။
MUSICS App > Var > Mobile > Media > DCIM folder ကို နှိပ်ပါ။
100APPLE, 101APPLE စသည့် Folder များအတွင်းမှ Video File ကို ရှိပြီး မိမိတို့ import လုပ်လို့သော Video file ကို နှိပ်လိုက်ပါ။
Edit ကို နှိပ်ပြီး Title,Album,Artists ကိုပြင်ရေးနိုင်ပါတယ် ....ပြီးလျှင် import ကို နှိပ်ပါ။
Videos App ထဲးတွင် import လုပ်လိုက်သော MP4 File ကို လွယ်ကူစွာနားဆင်နိုင်ပါပြီ။
















iTunes ကနေ ᏚYNᏟ လုပ်ရင် ...
ReplyDeleteimport လုပ်ထားတွေက တခါတလေ ᑕᖇᑌᔕᕼ ဖြစ်တယ်နော်