Rabbit converter ကို အသုံးပြုထားသည့် Rabbit Zawgyi Unicode Converter ကို ကျွန်တော် version 1.1 ကို ထပ်ပြီး update လုပ်လိုက်ပါတယ်။
Rabbit ကို တကယ်လက်တွေ့ အသုံးပြုသည့် အခါမှာ ပြဿနာ ၂ ခု ကို ကျွန်တော် ကြုံရတယ်။ ပထမ တစ်ခုက zawgyi ကော unicode ကော ပြချင်တယ်။ နောက်ပိုင်း အချို့က Zawgyi Version , Unicode Version ဆိုပြီး ၂ မျိုး ရေးကြရတယ်။ နောက်တစ်ခုက တခြားသူတွေက Unicode နဲ့ ရေးထားတာကို ချက်ခြင်း ဖတ်ကြည့်ချင်တယ်။ Zawgyi နဲ့ ရေးထားတာတွေကို Unicode သမားတွေ ချက်ခြင်း ဖတ်ချင်ကောင်း ဖတ်ချင်ပါလိမ့်မယ်။
ဒါကြောင့် Rabbit 1.1 မှာ

Copy Both

Rabbit မှာ ဇော်ဂျီ နဲ့ ဖြစ်ဖြစ် Unicode နဲ့ ဖြစ်ဖြစ် ရေးပြီးသွားရင် ညာဘက် ထိပ်က Share icon လေးကို နှိပ်ပြီးတော့ Copy Both ကို ရွေးလိုက်ပါ။
copyboth
မိမိ ကြိုက်တဲ့ နေရာမှာ စာ ကို Paste လုပ်လိုက်ရင် version ၂ မျိုး လုံး မြင်ရပါလိမ့်မယ်။
copyboth_paste

Today Widget

Ornagai မှာ today widget ကို ထည့်ရင်းနဲ့ Rabbit အတွက်ပါ စဉ်းစားမိတယ်။ ဒါကြောင့် Rabbit မှာ Today Widget ၂ ခု ထည့်ထားတယ်။ Zawgyi To Unicode , Unicode To Zawgyi ဆိုပြီး ထည့်ထားပေးပါတယ်။
Notification Bar က Today ကို သွားပါ။ အောက်ဆုံး မှာ Edit ဆိုတာ ပါပါတယ်။ မိမိ နှစ်သက်ရာ တစ်ခု , Zawgyi To Unicode သို့မဟုတ် Unicode To Zawgyi ကို ရွေးပြီး ထည့်နိုင်ပါတယ်။
widget
ပြီးရင်တော့ စာကို Copy ကူးပြီးတိုင်း Notification bar ကို ဆွဲချလိုက်တာနဲ့ convert လုပ်ထားတဲ့ စာကို လွယ်လင့် တကူ ဖတ်နိုင်ပါတယ်။
တကယ်လို့ update မဖြစ်ဖူးဆိုရင် Rabbit Today Widget ကို နှိပ်ပြီးတော့ refresh လုပ်နိုင်ပါတယ်။ Touch လုပ်လိုက်တိုင်း refresh ဖြစ်အောင် ထည့်ထားပေးပါတယ်။
wdigetFull
Rabbit ကို Apple App Store မှာ download ချနိုင်ပါပြီ။

ကျွန်တော်ပြန် Share ပေးသော နည်းပညာ များ သည် ဘော်ဘော် တို့ အတွက် အဆင်ပြေခဲ့ပါက Like & Share လုပ်ပေး ခြင်းဖြင့် ကူညီပါ ခင်ဗျ။ လိုအပ်သော နည်းပညာ / Applications တွေကို လည်း C Box တွင် တောင်းဆိုနိုင်ပါသည်။

Post a Comment

 
Top