ကျွန်တော် ဘော်ဒါတွေ အဆော့ များနေကြသော COC Games ကို Phone အမျိုးမျိုးပေါ်တွင် အဆင်ပြေသလို အလွယ်အတူ ဆော့နေ ကြပါ တယ်.....နောက်ပိုင်းတွင် Phone အမျိုးအစား ပြောင်းသုံး ချင်ကြသော အခါ တွင် အဆင်မပြေ ဖြစ်ကြပြန်ပြီပေါ..........iOS to iOS , Android to Android အလွယ်တကူ Apple ID , Google + အကောင့် ဖြင့် ချိန် နိုင်သော် လည်း.....iOS to Android , Android to iOS ပြောင်းသုံးရာတွင် အဆင်မပြေ မှု များရှိနေကြပါတယ်......ထို အခက်အခဲး ကို ဖြေရှင်းပေးနိုင်သော နည်းလမ်း ကို ပြန်ရှယ်ပေးလိုက်ပါတယ် ခင်ဗျ။
ကျွန်တော် ဒီပိုစ့် တွင် Android ဖုန်းမှ ဆော့ထားသော COC Account ကို iPhone သိုပြောင်းပြပေးပါမယ် ခင်ဗျ။ယခုတင်ပြသော နည်းလမ်း အတိုင်း iOS to Android ပြောင်းနိုင်ပါသည်။
မှတ်ချက် ။ A အား Android ဖုန်းအဖြစ်သက်မှတ်ပေးပါ။
B အား iPhone ဖုန်း အဖြစ်သက်မှတ်ပေးပါ ခင်ဗျ။
iPhone အတွင် အရင်ထည့်ထားသော Games Center Account ကို Sign Out လုပ်ပေးပြီး....COC မဆော့ဘူးသော Apple ID Account အသစ်ဖြင့် Games Center Account လုပ်ပြီး ဝင်ထားပေးပါ။
Apple ID Account လုပ်နည်းမသိပါက အောက်ကလင့် တွင် ဝင် လေ့လာပါ ခင်ဗျ။
A & B မှာရှိသော COC Games ထည်းကို ပြိုင်တူဝင် လိုက်ပါ။ ပြီးလျှင် အောက်ကပုံလေးထည်းက အတိုင်း Game Setting ထည်းကို ဝင်လိုက်ပါ။
Link a device ကို နှိပ်ပေးပါ။
A တွင် This is the OLD DEVICE ကို ဝင်ပေးပါ.။ B တွင် This is the NEW DEVICE ကို ဝင်ပေးပါ ခင်ဗျ။ B တွင် Code ထည့်ရန် နေရာ ဖော်ပြလာပါလိမ်မည် ခဏစောင့် ပြီး A ကို တစ်ဆင့်ဆက်သွားပေးပါ။
A တွင် I want to link to anther device ကို နှိပ်ပေးပါ။
အောက်ဖော်ပြပါ ပုံလေး အတိုင်းပေါ်လာပြီးလျှင် Code 12 လုံးပေးပါလိမ်မည်။ ဥပမာ 8g7i y182 f9gq စသဖြင့် ဖော်ပြလာသော Code ကိုအသေအချာ မှတ်ထားပါ။ ထို Code ကို ၂ မီးနစ် အတွင် B တွင် ရေးပေးရပါမည်။
B တွင် A မှ ပေးသော Code 12 လုံးကို ရေးထည့်ပေးပါ။ စာလုံး လေး လုံးရေးပြီးတိုင် Space ခြားပေးပါ။ပြီးလျှင် Done ကိုနှိပ်ပေးပါ။
မင်းလက်ရှိ ရှိနေသော ရွာကို ဖျက်ပြီး ဒီ ရွာဖြင့် အစားထိုးမှာလား ဟု မေးလာပါလိမ်မည်။ Okay ကို နှိပ်ပေးပါ။
A ( Android ) Phone မှ COC Game ကို B ( iPhone ) သို့ လွယ်ကူစွာ ပြောင်းဆော့ နိုင်ပါ ပြီ ခင်ဗျ။
ကျွန်တော်ပြန် Share ပေးသော နည်းပညာ များ သည် ဘော်ဘော် တို့ အတွက် အဆင်ပြေခဲ့ပါက Like & Share လုပ်ပေး ခြင်းဖြင့် ကူညီပါ ခင်ဗျ။ လိုအပ်သော နည်းပညာ / Applications တွေကို လည်း C Box တွင် တောင်းဆိုနိုင်ပါသည်။
Post a Comment