ကျွန်တော်တို Apple User တွေ အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုရှိပါတယ် ခင်ဗျ။Apple Store မှ မိမိတို့ လိုအပ်သော Application , Games , တွေကို Download ဆွဲးရန်အတွက် Apple ID အကောင့်တစ်ခု မရှိမဖြစ်လိုအပ်ပါသည်။တချို့ ကမေးကြပါတယ် 'Apple ID ကို Gmail ID မသုံးဘဲး ဖွင့် ချင်ပါတယ်တဲ့'......ဟုတ်ကဲ့ ရပါ တယ် ခင်ဗျ။ မသိသေးသော iOS User တွေအတွက် Apple ID Account Free ဖွင့်နည်းကို ပြန်ရှယ် ပေးလိုက်ပါတယ် ခင်ဗျ။
Setting > iCloud ထည်းကိုဝင်ပါ။ Create a new Apple ID ရှာပြီးဝင်ပေးပါ။ မိမိတို့၏ မွေးနေ့ ကို ရွေးပေးပါ။ (မှတ်ချက်။ ထည့်ထားသော မွေးနေ့ကို မှတ်ထားရပါမည်။)
First Name တွင် မိမိ အမည်၏ ပထမ အလုံးကို ရေးပါ။
Lest Name တွင် မိမိ အမည်၏ နောက်ဆုံးအလုံးကို ရေးပါ။ ( အမည် သုံးလုံးရှိပါက နှစ်လုံးကို Lest Name တွင်ရေးပေးပါ။ ရေးပြီးလျှင် Next ကို နှိပ်ပြီး ဝင်လိုက်ပါ။
*** ဒီအဆင့်တွင် အနည်းငယ် ကွဲးလွဲးမှု ရှိပါသည်။***
*** Gmail ID ဖြင့် Apple ID အကောင့် ဖွင့် မည်ဆိုလျှင် Use your current email address ကို ရွေးပေးပြီး Next ကို နှိပ်ပေးပါ။***
*** Gmail ID မရှိဘူး ( သို ) Gmail ID မသုံးဘဲး Apple ID ဖွင့်ချင်ပါက Get a free iCloud email address ကို ရွေးပေးပြီး Next ကို နှိပ်ပေးပါ။***
Use your current email address ကို ရွေးထားသူတွေက မိမိတို့၏ Gmail ID ကိုဖြည့်ပေးပါ။ပြီး လျှင် Next ကို နှိပ်ပေးပါ။
Get a free iCloud email address ကို ရွေးထားသူတွေက မိမိ နှစ်သက်သော အမည် ကို @icloud.com အရှေ့ တွင် ရေးပေးပါ။ပြီးလျှင် Create ကို နှိပ်ပေးပါ။
မိမိတိုနှစ်သက်ရာ ID Password ကို ရေးပေးပါ။ရေးပြီူလျှင် Next ကို နှိပ်ပေးပါ။
Security Questions သုံးခုရွေးပေးပြီး မှတ်မိလွယ် သော အမည် များကို ဖြေပေးပါ။
Rescue Email နေရာတွင် မိမိတွင်အရင်ရှိသော Gmail ထည့်ပါ။မရှိလျှင် ကျွန်တော် Mail ထည့်ပေးပါ။
Agree လုပ်ပေးပါ။
iCloud အကောင့် အသစ်လုပ်ပေးနေပါလိမ်မည်။အကောင့်ရလျှင် ထိုအကောင့်ဖြင် Setting > iTunes & Apple Store ထည်းသို့ ဝင်ပြီး ID & Password ထည့်ပေးပါ။ အောက်ကပုံလေးအတိုင်းပေါ်လာလျှင် Review ကိုဝင်ပေးပါ။
United States ကိုရွေးကပေးပါ။(မိမိ နှစ်သက်ရာ နိုင်ငံကိုရွေးချယ် နိုင်ပါသည်။ သိုသော် အောက်ဖော်ပြပါ လိပ်စာ များကို အသုံးပြု့လိုမရတော့ပါ။)
Bank Name တွေကိုရွေးရန်မလို့ပါ။ None ကိုရွေးပေးရပါမည်။
First name, Last Name ကိုမိမိတိုအမည်ကိုရေးပေးပြီး၊Address ,City,State, Zip, Phone number တွေကို အောက်က ပုံလေးထည်းက အတိုင်းထည့်ပေးပါ။
Next ကိုရွေးပေးလိုက်ပါ။ မိမိတို လိုချင်သော Apple ID အသစ် ကို စတင်အသုံးပြုနိုင်ပါ ပြီ။
***အထူးသတိထားရန်***
မိမိတို့ပြုလုပ်ထားသော Apple ID သည် iCloud Mail ဖြင့် လုပ်ထားသောကြောင့် Apple ID & Password ကိုမမေ့ရန်သတိပြုပါ။ မေ့တက်ပါက စာအုပ်တွင်မှတ်သားထားစေချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် iCloud Lock မိမှာစိုးသောကြောင့် ဖြစ်ပါ၏
ကျွန်တော်ပြန် Share ပေးသော နည်းပညာ များ သည် ဘော်ဘော် တို့ အတွက် အဆင်ပြေခဲ့ပါက Like & Share လုပ်ပေး ခြင်းဖြင့် ကူညီပါ ခင်ဗျ။ လိုအပ်သော နည်းပညာ / Applications တွေကို လည်း C Box တွင် တောင်းဆိုနိုင်ပါသည်။
Post a Comment